လပြည့်နေ့ည ပြည်-ရန်ကုန် ရထားပေါ်မှာ ကြုံခဲ့ရတဲ့ ကြောက်စရာ ပရလောက အတွေ့အကြုံ (ရထားပေါ်မှာ ပါလာတယ်)
လပြည့်နေ့ည ပြည်-ရန်ကုန် ရထားပေါ်မှာ ကြုံခဲ့ရတဲ့ ကြောက်စရာ ပရလောက အတွေ့အကြုံ (ရထားပေါ်မှာ ပါလာတယ်)
Ghost on the Train၊ မကြုံဖူးရင် မယုံတက်တဲ့သူမို့ ဒီတစ်ခါတော့ ကျန်နော် လက်ခံပေးလိုက်ရပြီ။ ကျနော် ပြည်ကို ရက်တို ၃ရက် ခရီးနဲ့ သီတင်းကျွတ် အိမ်ပြန်မိဘတွေ နဲ့ သွားတွေ့ခဲ့တယ်။ ရုံးမှာ လူနည်းနေတာမို့ ခွင့်ထက်ယူလို့ မရတော့လို့ လပြည့်နေ့ညမှာပဲ ရန်ကုန်ကို ပြန်ဖို့ ဖြစ်လာတယ်။
ကျန်နော် မနက်အစောပိုင်း လက်မှတ် သွားဖြတ်ခဲ့တယ်။ လပြည့်နေ့ လူပြန်နည်းတာမို့ ခရီးသည် မရှိသလောက်ရှားမှာကို ကျန်နော် သိတယ်။ ဒါပေမဲ့လည်း ကျန်နော်ကတော့ ပြန်ရတာပေါ့။ အဲ့တုန်းက လက်မှတ်ဖြတ်ပေးတာကို သတိမထားမိဘူး။ အိမ်ပြန်ရောက် မိဘတွေကို အချိန်ပေးပြီး ည ၈နာရီ ခွဲလောက် အိမ်က ထွက်လာပြီး ကျန်နော် ထိုင်ရမဲ့ အတွဲပေါ် ကျန်နော် တက်ခဲ့တယ်။
စျေးသည်တွေကတော့ ဖြတ်သွား ဖြတ်လာပေါ့ ငုံးဥ ပြောင်းဖူးသည်တွေပေါ့။ ထိုအချိန်ထိ ကျနော် သတိမထားမိသေး။ ဒီအတိုင်း အိမ်ကို ဖုန်းဆက် ဖုန်းသုံးပြီး နေခဲ့တယ်။ ရထားထွက်ရန် ၅မိနစ် အလို စက်ခေါင်းရုံးက လော်နဲ့ အော်ပြီး ခရီးစဉ်ထွက်ရန် ငါးမိနစ် အလိုပေါ့။ ခရီးသည်တွေ တက်ဖို့ ပြောပေးတယ်။ ကျနော် အဲ့မှာ သတိထားမိတာပဲ။ ကျနော် စီးတဲ့ အတွဲမှာ လူတစ်ယောက်မှ မပါလာတာပဲ။
ကျနော်ကတော့ ..ဪ လူမပြန်ကြလို့ နည်းတာ မရှိတာလို့ပဲ တွေးလိုက်တယ်။ ကျနော် ထိုအချိန်ထိ အေးဆေး၊ ည ၉နာရီ ရထားစထွက်တယ်။ ကျနော် ဖုန်းလေး သုံးပြီး အေးဆေးစီးရင်း မနက်အတွက် ကျန်နော် စဉ်းစားနေလိုက်တယ်။ ည ၁၀နာရီ ၁၁နာရီ ကျန်နော်အေးဆေး အဲပေါ့နဲ့ သီချင်းလေး နားထောင်းရင်း မှေးလိုက်လာခဲ့တယ်။ ည ၁၂နာရီ အဲ့မှာ ဇာတ်လမ်းက စတော့တာပဲ။
ကျန်နော် ထိုင်နေတဲ့ ခုံမျက်စောင်းထိုး အောက်ကနေ ရေဘူး တစ်ဘူး လိမ့်ပြီး ထွက်လာတာ ကျနော် မြင်လိုက်တယ်။ လူမရှိပဲ ရေဘူးထွက်လာတာ ဘာလားပေါ့။ ကျနော် နည်းနည်း လန့်သွားတယ်။ ဘာမှ မဖြစ်ပါဘူးလေ ဆိုပြီး မျက်လုံးလေး မှိတ်မယ်ပဲ ကျန်သေး ကျနော့် မျက်စောင်းထိုး ဘေးခုံမှာ ဘုန်းကြီး တစ်ပါး ရောက်နေတယ်။
ဟ လန့်သွားပြီ၊ ဘာလို့ဆို ခုနက ရပ်ခဲ့တဲ့ အုတ်ဖို ဘူတာမှာ လူမတက်တာ ကျန်နော် သိတယ်လေ ဒီဘုန်းကြီး ဘယ်ကရောက်နေတာလဲ ကျနော် တွေးနေတုန်း ကျနော် သီချင်းရပ်လိုက်တယ်။ မျက်လုံးလေး ဟိုကြည့်ဒီကြည့်ပေါ့။ အဲ့အချိန် နားထဲမှာ မိန်းမ ငိုသံ သဲ့သဲလေး ကျနော့် နောက် ငါးခုံကျော်လောက်ကနေ ကြားနေရတယ်။ ဘာသံလဲပေါ့ ၊ ကျနော် နောက်လှည့်ကြည့်လိုက်တယ်။
ဘယ်သူမှ မရှိဘူး။ ဟ ဘာလားပေါ့၊ ရှေ့ပြန် အလှည့် ဟိုဘုန်းကြီး မရှိတော့ဘူး။ ကျန်နော် လန့်သွားပြီ ကြက်သီးမွှေးညှင်းတွေပါ ထသွားပြီ။ အချိန်ကိုကြည့်လိုက်တော့ ၁နာရီထိုးကျော်နေပြီ။ ကျနော် ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိ ဘုရားကို စိတ်ထဲက တနေပေမဲ့ ကြောက်စိတ်က ပိုနေပြီ။ ကလေး ငိုသံ၊ဟုတ်တယ် ကလေးငိုသံ ၊ အနောက်ကနေ ထပ်ကြားနေရတယ်။ ကျနော် မကြည့်ရဲတော့ဘူး။
ငိုနေတာမှ န-ာနေလို့ အန-ာဖြစ်နေလို့ တစ်ခုခုဖြစ်နေလို့ ငိုနေတဲ့ အသံ စူးစူးမျိုးပဲ ကျနော် တော်တော် ရင်တွေ တုန်နေပြီ ခြေလက်တွေပါ အေးနေပြီ။ အဲ့အချိန် အနောက်ကပဲ “မောင်လေး မောင်လေး မောင်လေး “ ဆိုပြီး မိန်းမတစ်ယောက်ခေါ်သံကြားလိုက်ရတယ်။ ကျနော် ဘာသံမှ မထွက်၊ တစ်တွဲလုံးမှာ ကျနော် တစ်ယောက်တည်း ပါတာ ကျနော် သိတယ်။
အဲ့မိန်းမကပဲ မောင်လေး ရေပါလား ရေလေး ပေးပါလားတဲ့ ၊ ကျနော့်စိတ်ထဲ တစ်မျိူးကြီး ခံစားနေရတာ အမှန်ပဲ။ ကျနော့်ကို နောက်ကနေ ပြောနေတာပေါ့ဗျာ ၊ ကျနော် တစ်ချက်လှည့်မကြည့် “ တောက်စ် “ ဆိုတဲ့ တောက်ခေါက်သံထွက်လာတယ်။ ပြီးတော့ လမ်းလျောက်လာတဲ့အသံ၊ ကျနော် မျက်လုံးကို အတင်းမှိတ်ထားတယ်။ ဒါပေမဲ့လည်း ကျနော် ကြည့်မှ ဖြစ်မယ်ဆိုပြီး သူလမ်းလျောက်နေတဲ့ အသံကြားတဲ့ဘက်ကို ကြည့်လိုက်တာ ဘယ်သူမှ မရှိဘူး။
ကျနော် တော်တော် ပုံပျက်နေပြီ လန့်နေတာ၊ ၂နာရီကျော်လောက် ရှိလာပြီ။ ဘုရားစာရွတ်ပြီး ဆက်စီးလာတာ ခနငြိမ်သွားတယ်။ ကျနော် ကြောက်စိတ်နဲ့ အတွေးတွေ ဝင်နေတာ အဲ့အချိန် အရှေ့မှာပဲ ခုနက လိမ့်နေတဲ့ ရေဘူးက ခုန်အောက်ထဲကို ပြန်လိမ့်ဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ လေးငါးခါလောက် ဝင်ချည် ထွက်ချည်ဖြစ် နေတာ။ ထိုအချိန် အနောက်ကနေ မိန်းမ ငိုသံကြီး ထွက်လာတာ။
တဟင့်ဟင့်နဲ့ ထွက်လာတယ်၊ ကျနော် တစ်ယောက်ထဲဗျာ ဘာလုပ်လို့ လုပ်ရမယ်မှန်းကို မသိတော့ဘူး။ အဲ့အချိန် အရှေ့ဘက် အပေါက်ကနေ ရဲတဦး ဝင်လာတယ်။ ကျနော် အားတက်သွားတယ် အဲ့အကို က ညီလေး လက်မှတ်နဲ့ မှတ်ပုံတင်လေး ပြပေးပါတဲ့ ကျနော့်ကို ၊ အဲ့ဒါနဲ့ ကျနော်လည်း အကို ဒီအတွဲက လူဘယ်နှစ်ယောက်ပါတာလဲမေးတော့ ထိုရဲက ဒီတစ်တွဲလုံး မင်းတစ်ယောက်ထဲပါတာ။
အဲဒါကြောင့် ငါသက်သက်ကြီး မင်းဆီ လက်မှတ် လာစစ်ရတာကွ ဆိုပြီး သူပြောတော့မှ ခေါင်းတွေပါ ပိုကြိမ်းသွားတယ်။ အကို အာ့ဆို ကျနော့်ကို အခြားခရီးသည်တွေပါတဲ့ အတွဲလေး ပြောင်းပေးလို့ ရမလားလို့ ကျနော်က ပြောလိုက်တော့ ဘာလို့လဲတဲ့၊ ကျနော်ပြောရင် သူယုံမှာ မဟုတ်တာရယ် ယောင်္ကျားဖြစ်ပြီး ကြောက်တက်ရလားဆိုတာရယ် အထင်သေးခံရမှာ စိုးတာကြောင့် ကျနော်က အခြား ခရီးသည်တွေပါတဲ့ အတွဲက်ို ပြောင်းချင်လို့ပါပေါ့ တယောက်ထဲ အဖော်မဲ့လို့ ပါရယ် ပြောတော့ သူက မင်းလိုက်ခဲ့တဲ့။
ကျနော်လည်း ကျနော့် အိတ်ရယ် အိမ်က ထည့်ပေးတဲ့ စားစရာ အထုပ်ကို သယ်ပြီး သူ့နောက်ကနေ လိုက်သွားလိုက်တယ်။ သူက အတွဲတစ်ခုကို ခေါ်သွားပြီး လွတ်တဲ့ ခုံမှာ ကျနော့်ကို နေရာပေးပါတယ်။ မနက် ငါးနာရီလောက် ဘူတာဆိုက်တယ်။ ကျနော် ညက ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ ယုံမှာ မဟုတ်ပေမဲ့ တစ်ယောက်တည်း ရထားမစီးဖို့၊ လောကမှာ အစုံရှိတယ်ဆိုတာကို ပြောပြချင်လို့ ဒီလိုရေးပြတာပါ။ ရထားအတွဲနံပါတ်ကိုတော့ ကျနော် ထည့်မရေးထားဘူးဗျ၊ နေ့စဉ် စီးတဲ့သူတွေ ရှိတော့ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ဖြစ်မှာ စိုးလို့ပါ။